နောက်ဆုံး ရေးသားချိန် 11 ဖေဖေါ်ဝါရီလ 2012 - 01:56 GMT

လစ်ဗျား အစိုးရကို ကဒါဖီ သား ခြိမ်းခြောက်

gaddaffi son

ကဒါဖီ သားက လစ်ဗျား အစိုးရကို အုံကြွမယ်လို့ ခြိမ်းခြောက်

လစ်ဗျား ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီ သားတယောက်က လက်ရှိ လစ်ဗျား ကူးပြောင်းရေး အစိုးရကို ဆန့်ကျင်ဖို့ ဦးဆောင်မယ်လို့ ခြိမ်းခြောက် လိုက်ပါတယ်။

ဆာဒီး ကဒါဖီက သူထွက်ပြေး ရောက်ရှိနေတဲ့ နိုင်ဂျာကနေ ရုပ်မြင်သံကြား မေးမြန်းခန်း တခုမှာ ဒီလို ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

လစ်ဗျားမှာ သူ့နောက်လိုက်တွေ အများကြီး ရှိသေးတယ်၊ ကူးပြောင်းရေး ကောင်စီထဲမှာကို ရှိတယ်လို့ လည်း ဆိုပါတယ်။

ထရစ်ပိုလီက ဘီဘီစီ သတင်းထောက်ကတော့ ကဒါဖီ သစ္စာခံတွေ အတွက် အစိုးရက ကြောင့်ကြ နေရသေးပေမယ့် ဆာဒီး ဦးဆောင်မယ့် အုံကြွမှု ဖြစ်ဖို့ကတော့ ဝေးပါတယ်လို့ သုံးသပ်သွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။