
အတ္တလန္တိတ် သမုဒ္ဒရာထဲ ဗြိတိန် ရေငုပ်သင်္ဘော လွှတ်တယ်လို့ဆို
ဖောက်ကလန်ကျွန်းစုမှာ ဗြိတိန်ရဲ့ စစ်ရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အာဂျင်တီးနားက ကုလသမဂ္ဂမှာ တရားဝင် ကန့်ကွက်ခဲ့ပါတယ်။
တောင် အတ္တလန္တိတ် သမုဒ္ဒရာထဲက ကျွန်းစုကို ဗြိတိန်က ရေငုပ်သင်္ဘော တစင်းလွှတ်ခဲ့တယ်လို့ အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီးက ပြောပေမယ့် ဗြိတိန်ဘက်ကတော့ အတည် ပြုချက် မပေးပါဘူး။
စောစောပိုင်းကတော့ ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်ကတော့ နောက်ထပ် ပြဿနာ တင်းမာလာအောင် မလုပ်ဖို့ ၂ ဘက် စလုံးကို ပန်ကြား ထားပါတယ်။ ကြားဝင် ပေးဖို့လည်း ကမ်းလှမ်း ထားပါတယ်။ ၁၉၈၂ ကလည်း ဖောက်ကလန် အရေးအတွက် ၂ နိုင်ငံ စစ်ဖြစ်ခဲ့ပါတယ်။

