နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2012 - 18:02 GMT

ဆီးရီးယားမှာ ဗုံးတွေပျောက်ကွဲ

ဗုံးပေါက်ကွဲခဲတဲ့ အဆောက်အအုံရှေ့မြင်ကွင်း

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ သောကြာနေ့က ဗုံး နှစ်ကြိမ်ထက်မနဲ ပေါက်ကွဲခဲ့တာကြောင့် လူသေကြေမှုနဲ့ ဒဏ်ရာ ရမှုတွေဖြစ်ခဲ့ပါတယ်။

လူအနည်းဆုံး ၂၅ ဦးသေဆုံးခဲ့ပြီး ၁၇၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆီးရီးယား ရုပ်မြင် သံကြားက ကြေငြာပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ အစိုးရရုပ်မြင်သံကြားကနေ လူသေအလောင်းတွေနဲ့ ရုပ်ပျက်ဆင်းပျက်လူကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို ပြသခဲ့ပါတယ်။ ပြီးတော့ ဒါဟာ အကြမ်းဖက်သမားအဖွဲ့တွေက စစ်ထောက် လှမ်းရေးဌာနဝင်းတခုနဲ့ လုံခြုံရေးတပ်စခန်းတခုကို ပစ်မှတ်ထားခဲ့တာလို့ ဆီးရီးယားအစိုးရက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။

အတိုက်အခံတွေဘက်ကတော့ ဒီဗုံးပေါက်ကွဲမှုဟာ ဆီးရီးယားအစိုးရရဲ့ လုပ်ရပ်ဖြစ်တယ်လို့ တုန့်ပြန်စွပ်စွဲလိုက်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။