နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2012 - 18:01 GMT

Orchid ဟိုတယ်ဝန်ထမ်း အရိုက်ခံရ

Orchid ဟိုတယ် ရဲ့ website စာမျက်နှာ

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဂျပန် အမျိုးသားတဦးက ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်မှာ ရှိတဲ့ Orchid ဟိုတယ်မှာ တည်းခိုနေထိုင်နေတုန်းမှာပဲ ဟိုတယ်ဝန်ထမ်းအမျိုးသမီးတဦးကို ရိုက်နှက်ခဲ့လို့ အခုတော့ ဥပဒအေရ အရေးယူဆောင်ရွက်ဖို့ ပြင်ဆင်နေကြ တယ်လို့ သိရပါတယ်။

ပြင်ပကနေ အမျိုးသမီးတဦးကို ခေါ်လာတဲ့ ဂျပန်အမျိုးသား ဧည့်သည်ကို တားမြစ်ခဲ့လို့ ဧည့်သည်ကနေ ရိုက်နှက်ခဲ့တာလည်း ဖြစ် ပါတယ်။

Orchid ဟိုတယ်ရဲ့ ရှယ်ယာပိုင်ရှင်တဦးဖြစ်သူနဲ့ ဟိုတယ်ရဲ့ တာဝန်ရှိသူ ဦးဌေးအောင်က တော့ သက်ဆိုင်ရာက ဥပဒေကြောင်းအရ အမှုကို တည်ဆောက်နေဆဲလို့ ပြောပါတယ်။

ပုဇွန်တောင်မြို့နယ်က ရဲအရာရှိတဦးက သူတို့အနေနဲ့ မြို့နယ် ဥပဒေရုံးကနေ ဥပဒေ အကြံဉာဏ်တွေ တောင်းထားကြောင်းနဲ့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဂျပန်နိုင်ငံသားဟာ မြန်မာနိုင်ငံမှာပဲ ရှိနေဆဲဖြစ်ပြီး၊ ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးထားတာ မျိုးတော့ မရှိဘူးလို့ သိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။