နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2012 - 18:01 GMT

ဂရိအလုပ်သမားသမဂ္ဂ ၂ ရက်ဆန္ဒပြမည်

ဆန္ဒပြနေတဲ့ ဂရိအလုပ်သမားများ

ဂရိအလုပ်သမားသမဂ္ဂက နိုင်ငံရေးခေါင်း ဆောင်တွေရဲ့ ကြာသပတေးနေ့က သဘော တူခဲ့တဲ့ ခြိုးခြံချွေတာရေးအစီအစဉ်ကို ဆန့်ကျင်တဲ့ ၂ ရက်တာ ဆန္ဒပြပွဲကို သောကြာနေ့မှာပဲ စတင်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ ဥရောပအစည်းအဝေးမှာ အတည်ပြု ရမယ့် ဒီချွေတာရေးအစီအစဉ်ကို အေသင်မြို့ ကပါလီမန်အပြင်မှာ လူထုကစုရုံပြီးဆန္ဒပြ နေပါ တယ်။

ဥရောပ ဘဏ္ဍာရေးဝန်ကြီးတွေဟာ ဂရိနိုင်ငံကို ယူရိုငွေ ၁၃၀ ဘီလီယံကူညီပေးမယ့် အကူအညီငွေ မထုတ်ပေးခင် ဂရိနိုင်ငံရဲ့ အသုံးစရိတ်ကို ဒီထက်ပိုပြီး လျှော့ချဖို့ ဖိအား တွေပေးနေပါတယ်။

ဂရိနိုင်ငံရဲ့ ဘဏ္ဍာရေးကတိပျက်မှုတွေကြောင့် ဥရောပ ဝန်ကြီးတွေက အတော့်ကို စိတ်ပျက်ပြီး အားမလိုအားမရဖြစ်နေကြတယ်လို့ သိရှိရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။