နောက်ဆုံး ရေးသားချိန် 10 ဖေဖေါ်ဝါရီလ 2012 - 01:27 GMT

ဂရိကို ပိုက်ဆံပေးဖို့ အီးယူ အချိန်ဆွဲထား

Greece

ဂရိ လွှတ်တော်မှာ အရေးပါတဲ့ ဥပဒေတချို့ ထုတ်ပြန်

ဂရိ အစိုးရကို ကြွေးမြီ ကယ်ဆယ်ရေး ရံပုံငွေ ယူရို ဘီလီယံ တရာ့ သုံးဆယ် ထပ်မပေးခင် ဂရိ အနေနဲ့ လုပ်ဆောင်ဖို့ လိုအပ်တာတွေ ရှိနေသေးတယ်လို့ ဘရပ် ဆဲလမှာ တွေ့ခဲ့တဲ့ ယူရိုဇုံ ဘဏ္ဍာရေး ဝန်ကြီးတွေက ပြောလိုက်ပါတယ်။

ဂရိ လွှတ်တော် အမတ်တွေ သီတင်းပတ်နဲ့ချီ ဆွေးနွေးပြီးနောက် မနေ့ကတော့ ခြိုးခြံ ချွေ တာရေး အစီအမံတွေကို သဘော တူညီမှု ရခဲ့ပါတယ်။

အဲဒိထဲမှာ ဝန်ထမ်း လခတွေ သိသိသာသာ ဖြတ်တောက်ရေးနဲ့ အလွယ်တကူ အလုပ် ဖြုတ်နိုင်တဲ့ ဥပဒေတွေ ပြဌာန်းရေးတို့ ပါဝင်ပါတယ်။

ဂရိ ဘဏ္ဍာရေး ဝန်ကြီးက သူတို့ အစီအမံကို လက်ခံ အတည်ပြုပေးဖို့ ဥရောပ ဝန်ကြီးတွေ ကို တိုက်တွန်း နေပေမယ့် ကာယကံရှင်တွေကတော့ ဒီအစီအမံတွေကို တကယ် လက်တွေ့ အကောင်အထည် ဖော်မဖော် သိရအောင် အထောက် အထားသစ်တွေ မြင်ချင် သေးတယ်လို့ ပြောနေပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။