နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2012 - 16:34 GMT

ဆီးရီးယားတပ်ဖွဲ့တွေက ဆက်ချေမှုန်းနေ

ဆီးရီးယားသမ္မတနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး

ဆီးရီးယားသမ္မတနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး

ဆီးရီးယားအစိုးရတပ်ဖွဲ့တွေဟာ ဟုမ်းစ်မြို့မှာရှိတဲ့ လက်နက်ကိုင် အတိုက်အခံ တွေကို ဖြိုခွဲဖို့အတွက် ၆ ရက်မြောက်နေ့အဖြစ် မြို့ကို အမြောက်နဲ့ တွေနဲ့ အကြီးအကျယ် ထပ်မံ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမြောက်နဲ့ပစ်လို့ ဒီကနေ့မှာ မိသားစု ၃ ဦး နေတဲ့အိမ်ကို အိမ်ပြိုကျသွားတဲ့ပြီး အပျက်အစီးတွေ အောက်မှာ ၃ ဦးစလုံး သေဆုံးသွားကြပါတယ်။ ကြာသပတေးတရက်ထဲမှာဘဲလူပေါင်း ၂၀ကျော်သေတယ်လို့ တိုက်ပွဲဝင်သူတွေကပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားက သွေးထွက်သံယို ဖြစ်နေမှုတွေ အဆုံးသတ်စေရေး အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ တသံတည်း မထွက်နိုင်တဲ့အတွက် အလွန်အမင်း ဝမ်းနည်းမိကြောင်းနဲ့ ဒါဟာ ဆီးရီးယား ပြည်သူတွေကို ဘေးဒုက္ခရောက် စေလိမ့်မယ်လို့ လည်းပြောကြား သွားပါတယ်။

နိုင်ငံရေး အပြောင်းအလဲတွေ အတွက် သမ္မတအာဆတ်က သူ့လက်ထောက်ကို အာဏာလွှဲပြောင်းပေးရေး ပါဝင်တဲ့ အာရပ်အဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ပါတယ်။

အတိုက်အခံတွေနဲ့အာဆတ်အစိုးရစကားပြောဖို့ ရုရှားနိုင်ငံက တိုက်တွန်းချက်ကို အမေရိကန်ကပယ်ချလိုက်ပါတယ်။

ဆီးရီးယားမှာအခြေအနေဆိုးဝါးနေတာကို နိုင်ငံတကာက ဖြေရှင်းဖို့အဖြေရှာနေစဉ်မှာဘဲ အရပ်သားများအပါအဝင် လူများအပြား သေဆုံးနေရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။