နောက်ဆုံး ရေးသားချိန် 9 ဖေဖေါ်ဝါရီလ 2012 - 01:05 GMT

မော်လ်ဒိဗ် နိုင်ငံ မငြိမ်မသက်ဖြစ်

_maldives

ဖယ်ရှားခံ သမ္မတ မိုဟာမက် နာရှိဒ်

မော်လ်ဒိဗ် နိုင်ငံ မာလီမြို့ မှာ သမ္မတဟောင်း မိုဟာမက် နာရှိဒ် ကို ထောက်ခံတဲ့ လူထု စုရုံး စည်းဝေးပွဲ ကို လုံခြုံရေး တပ်ဖွဲ့တွေ ကနေ နံပါတ်ဒုတ်တွေ၊ မျက်ရည်ယို လက်နက်တွေ နဲ့ ပစ်ခတ်ယင်း ဖြိုခွဲ လိုက်ပါတယ်။

အဲဒီ အတွက် အများအပြား ဒဏ်ရာရကြပြီး ပါတီ ခေါင်းဆောင်ပိုင်းတွေ လည်း အဖမ်းခံလိုက်ရပါတယ်။

အခုဖြစ်ပျက်တဲ့ မငြိမ်မသက်မှု ဟာ အဒ္ဒူကျွန်း နဲ့ သင်နက်ဒူ ကျွန်းတွေ အထိ ကူးစက်သွားရာမှာ ဆန္ဒပြသူတွေ က ရဲစခန်းတွေ ကို တိုက်ခိုက် ဖျက်ဆီးကြပါတယ်။

စောစောပိုင်းကလည်း မစ္စတာနာရှိဒ် က သူ့ကို သေနတ် နဲ့ တေ့ပြီး အဓမ္မ ရာထူးက ဆင်းခိုင်းကြောင်း လူထု ကို ပြောရာမှာ လက်ရှိ သမ္မတ မိုဟာမက် ဝါဟစ် ဟာဆန်က မဟုတ် မမှန်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။