နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2012 - 17:39 GMT

မော်လဒိုက်ဗ် နိုင်ငံရေး ပဋိပက္ခ

maldives

အာဏာသိမ်းမှုနဲ့ မပတ်သက်ဘူးလို့ သမ္မတသစ် ငြင်းဆို

မော်လဒိုက်ဗ် နိုင်ငံ မြို့တော် မာလီမှာ ဒီအပတ် အစောပိုင်းက နှုတ်ထွက်ဖို့ ဖိအားပေးလို့ ဆင်းသွားရတဲ့ ပထမဆုံး အရွေးကောက်ခံ သမ္မတ ထောက်ခံသူတွေနဲ့ ရဲအကြား ပဋိပက္ခ ဖြစ်ပွားနေပါတယ်။

မော်လဒိုက်ဗ် သမ္မတဟောင်း မိုဟာမက် နာရှိ ထောက်ခံသူတွေက စစ်အာဏာ သိမ်းမှုကြောင့် သမ္မတ ထွက်ပေးရတယ် ဆိုပြီး သူ့ကို ဆက်ခံတဲ့ သမ္မတသစ် နှုတ်ထွက်ပေးဖို့ ချီတက် တောင်းဆို နေကြပါတယ်။

သမ္မတသစ် ဖြစ်လာတဲ့ မိုဟာမက် ဟာဆန်ကတော့ ဘယ်အာဏာသိမ်းမှုနဲ့မှ မပတ်သက်ဘူး လို့ ငြင်းဆိုပါတယ်။

ထိပ်တန်း တရားသူကြီး တယောက်ကို ဖမ်းဆီးလို့ ဆင်းပေးဖို့ တောင်းဆိုနေတဲ့ အတိုက်အခံ ဆန္ဒပြ သမားတွေနဲ့ စစ်အရာရှိတွေ ပူးပေါင်းသွားပြီးနောက် အင်္ဂါ နေ့မှာ မစ္စတာ နာရှိဒ် နှုတ်ထွက်ကြောင်း ကြေညာခဲ့တာပါ။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။