
ဖာတာခေါင်းဆောင် မာမွတ်အဘားစ်
အနောက်ဘက်ကမ်းနဲ့ ဂါဇာမှာ လုပ်မယ့် ရွေးကောက်ပွဲတွေကို စီစဉ်မယ့် ကြားဖြတ်အစိုးရကို ဖာတာ ခေါင်းဆောင် သမ္မတ မာမွတ် အာဘတ်စ်က ခေါင်းဆောင်ဖို့ ဖာတာနဲ့ ဟားမတ်စ် ပါလက်စတိုင်း အုပ်စုကြီး ၂ ခုက သဘောတူလိုက်ကြပြီ ဖြစ်ပါတယ်။
သမ္မတ အာဘတ်စ်နဲ့ ဟားမတ်စ် ခေါင်းဆောင် ခါလတ် မာရှဲတို့ အကြား ညှိနှိုင်း စီစဉ်ခဲ့တာပါ။
အနောက်ဘက်ကမ်းကို ဖာတာက ထိန်းချုပ်ထားပြီး ၂၀၀၇မှာ ၂ ဘက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ကထဲက ဂါဇာကို ဟားမတ်စ်က ထိန်းချုပ်ထားခဲ့တာပါ။
ဟားမတ်စ်နဲ့ သဘောတူညီချက်ရရင် သမ္မတ အာဘတ်စ် ငြိမ်းချမ်းရေးလမ်းက သွေဖီလိမ့်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။
အစ္စရေးက ဟားမတ်စ်ကို အကြမ်းဖက် အဖွဲ့လို့ ယူဆထားပါတယ်။

