
ဂရိနိုင်ငံက ဆန္ဒပြပြည်သူတချို့
ဂရိနိုင်ငံသား ထောင်ပေါင်းများစွာတို့ဟာ ဂရိအစိုးရရဲ့ ပိုမိုတင်းကျပ်လာတဲ့ ခြိုးခြံ ခြွေတာရေးအစီအစဉ်ကို ဆန့်ကျင်တဲ့အနေ နဲ့အေသင်မြို့က ပါလီမန် အပြင်ဖက်မှာ စုရုံးပြီးဆန္ဒပြခဲ့ ကြပါတယ်။
ဆန္ဒပြသူအချို့ က ပါလီမန်အပြင် ဆန္ဒပြတဲ့ နေရာတွေမှာ ကာထားတဲ့အတားအဆီးတွေကို ချိုးဖျက်ပြီးတော့ ရဲတွေနဲ့ လုံးထွေးသတ်ပုတ်မှု တွေလုပ်ခဲ့ကြပါတယ်။
ဒီအထွေထွေသပိတ်ကြောင့် လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တောက်ခဲ့ပြီး၊ ကျောင်းတွေ၊ ဘဏ်တွေကို ပိတ်ခဲ့ ရပါတယ်။
ဂရိနိုင်ငံ ညွှန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေဟာ EU ရဲ့ ဖိအားပေးမှုကို ပြင်းပြင်းထန်ထန် ခံနေရ ပြီးတော့ ခြိုးခြံခြွေတာရေး အစီအစဉ်သစ်ဖြစ်တဲ့ အစိုးရဝန်ထမ်းအလုပ် တွေ လျော့ချရေး နဲ့ အခြေခံ လစာလျော့ချရေး ကိစ္စတွေကို အင်္ဂါနေ့ မှာ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

