
လှိုင်သာယာ မီးလောင်မှုကြောင့် အိမ်ခြေ ၄၀၀ နီးပါး မီးလောင် ဆုံးရှုံး
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပဒုမ္မာလမ်းအလယ်ရွာမှာ မီးလောင်မှုတခု ဖြစ်ပွား ခဲ့ပါတယ်။
အသုတ်စုံရောင်းတဲ့ နေအိမ်ကနေ မီးစတင် လောင်ကျွမ်းခဲ့ပြီး အိမ်ခြေ(၄၀၀) နည်းပါးမီး လောင်ဆုံးရှုံး သွားခဲ့ပါတယ်။
ဒီမီးလောင်မှုကို မြို့နယ်မီးသတ်အဖွဲ့က အတည် ပြုပြောကြားခဲ့ပြီး ဆုံးရှုံးမှု အခြေအနေ တန်ဖိုး ကိုတွက်ချက်နေတုန်းပဲ လို့ သိရပါတယ်။
တနင်္လာနေ့ နေ့လည် ၁၂နာရီကျော်က စတင်လောင်ကျွမ်း ခဲ့တဲ့မီးကို နေ့လည် ၁နာရီ ခွဲအချိန်လောက်မှာ ငြိမ်းနိုင် ခဲ့ကြ ပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ နေရာအနီးက ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးအပါ အဝင် စာသင်သံဃာ အပါး တစ်ထောင်ကျော် နဲ့ မိဘမဲ့ လူငယ်တွေက အနားမှာ ရှိတဲ့ ရေကန် ကြီးထဲက ရေတွေ သယ်ကာ ဝိုင်းပြီးကူညီ ငြိမ်းသတ်ခဲ့လို့ လည်း အတော် သက်သာ ခဲ့တာ ဖြစ်ပါတယ်။
မီးဘေး ဒုက္ခသည်တွေကို အောင်ဇေယျာမင်း ဘုန်းကြီးကျောင်း နဲ့ ဓမ္မာရုံမှာ နေရာချ ထားပေး ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး၊ မီးသတ်အဖွဲ့ဝင်တွေ၊ ကြံခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီ နဲ့ NLD ပါတီ ဝင်တွေက မီးဘေး ကယ်ဆယ်ရေး လုပ်ငန်း တွေမှာ ကူညီ လုပ်ဆောင် ပေးနေတယ် လို့ သိရ ပါတယ်။

