နောက်ဆုံး ရေးသားချိန် 6 ဖေဖေါ်ဝါရီလ 2012 - 18:35 GMT

ဆီးရီးယား တိုက်ပွဲများ ပိုမိုပြင်းထန်

syria tanks

ဆီးရီးယား အစိုးရက လက်နက်ကြီးတွေနဲ့ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပါတယ်

ဆီးရီးယား သမ္မတ ဘယ်ရှာအယ်လ် အာဆတ်ဒ် ကို ဆန့်ကျင်ဆန္ဒပြုသူတွေရဲ့ အဓိကနေရာဖြစ်တဲ့ ဟုမ်းစ်မြို့ကို ဆီးရီးယား အစိုးရက ဗုံးကြဲ တိုက်ခိုက်မှု တွေ တိုးမြှင့် လုပ်ဆောင် နေပါတယ်။

ဟုမ်းစ် မြိုခံတဦး ဖြစ်တဲ့ အိုမာ က သေနတ်သံ တွေ ဗုံးသံတွေ ကြားကနေ ကျွန်တော်တို့နဲ့ အခု ဘယ်သူမှမရှိတော့ဘူး။

ကုလသမဂ္ဂ ကလည်း ထားခဲ့ပြီ၊ သမ္မတ ဘယ်ရှာ အာဆတ်ဒ် ကို ကြိုက်သလိုလုပ်ဖို့ အချိန်တွေ ပိုပြီးပေးလိုက်ပြီ လို့ သတင်းပေးပြောပြခဲ့ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်း ထုတ်ပြန်ချက်တွေ အရ မြို့တော်အနီး ဘာဘာ အာမာ အရပ်မှာ ရှိတဲ့ ဆေးရုံတခုကို အမြောက်ကျည်တွေ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

အစိုးရဆန်ကျင့်ရေးတက်ကြွလှုပ်ရှားသူတွေက အဲဒီ့နေရာတွေဟာ အစိုးရရဲ့ လက်နက်ကြီး တွေ အဓိကထားတဲ့ ပစ်မှတ် တစ်နေရာ ဖြစ်တယ်လို့ ပြောပါတယ်။

ဟုမ်းစ် မြို့အတွင်းရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက်ကတော့ တိုက်ခိုက်မှုတွေ ပိုမို ပြင်းထန်လာတယ် လို့ သတင်းပေးပို့ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။