နောက်ဆုံး ရေးသားချိန် 4 ဖေဖေါ်ဝါရီလ 2012 - 00:40 GMT

ဆီးရီးယား ပြဌာန်း ဆုံးဖြတ်ချက် မဲခွဲမည်

syria

ဆီးရီးယား ပြဌာန်း ဆုံးဖြတ်ချက် ဒီကနေ့ မဲခွဲမည်

ဆီးရီးယားအကျပ်အတည်းဖြေရှင်းဖို့ ရည် ရွယ် ရေးဆွဲထားတဲ့ ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းကို ဒီကနေ့ နယူးယောက် ဒေသ စံတော်ချိန် မနက် ကိုးနာရီမှာ မဲခွဲမယ်လို့ မျှော်လင့် ရပါတယ်။

ဒီပြဌာန်း ဆုံးဖြတ်ချက်ထဲမှာ အာရပ် နိုင်ငံများ အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက် ဖြစ်တဲ့ ဆီးရီးယား သမ္မတ ဘာရှာ အယ်လအာဆတ်ကို ရာထူးက ဆင်းပေးဖို့တောင်းဆိုချက်မပါဘူးလို့ နောက်ဆုံး ထွက်လာတဲ့ သတင်းတွေမှာ ဖော်ပြထားပါ တယ်။

အရင် ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းမှာတော့ သမ္မတ အာဆတ်ကို ဒုတိယ သမ္မတကို အာ ဏာ လွှဲပြီး နိုင်ငံရေး အသွင် ကူးပြောင်းမှု ပြုလုပ်ဖို့ တောင်းဆို ထားပါတယ်။

ရုရှကတော့ အာရပ် အဖွဲ့ချုပ်ဟာ ဆီးရီးယား နိုင်ငံထဲမှာ အုပ်ချုပ်သူ အပြောင်းအလဲ ဖြစ် လာအောင် အားပေး အားမြှောက် လုပ်နေတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။