
သူဟာအမိန့်ကို လိုက်နာရတဲ့ အငယ်တန်း အရာရှိ သာ ဖြစ်ခဲ့တယ်လို့ Duch ကပြော
ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီ အကျဉ်း ထောင် တခုကို အုပ်ချုပ်ခဲ့သူဖြစ်တဲ့ Comrade Duch လို့ လူသိများတဲ့ Kaing Guek Eav ရဲ့ အယူခံကို ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ တရားရုံးကနေ ပယ်ချလိုက် ပါတယ်။
လူသားတွေအပေါ် လူမဆန်တဲ့ သတ်ဖြတ်ခဲ့မှု စွဲချက်နဲ့ သူ့ကို ၂၀၁၀ ခုနှစ်က ထောင်ဒဏ် ၃၅ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
အယူခံတရားရုံးကနေ Kaing Guek Eav ကို ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ပြီး၊ ပြစ်ဒဏ်ကို ၁၉၉၉ ခုနှစ် မေလ ၁၀ နေ့က စတွက်ရမယ်လို့ တရားသူကြီးက ဖတ်ကြားသွား ပါတယ်။
အသက် ၆၉ နှစ်ရှိနေပြီဖြစ်တဲ့ Duch က သူ့ရဲ့ အယူခံမှာ ရေးသားထားရာမှာ သူဟာ အမိန့် ကို လိုက်နာဆောင်ရွက်ရတဲ့ အငယ်တန်း အရာရှိတဦးသာ ဖြစ်ခဲ့တယ်လို့ ဖေါ်ပြထား ပါတယ်။
တရားသူကြီးအဖွဲ့ကတော့ ဒီအယူခံကို ပယ်ချလိုက်ပြီး တရားလိုဘက်က တောင်းဆိုထားတဲ့ ပိုမိုပြင်းထန်တဲ့ ပစ်ဒဏ်ချမှတ်ဖို့ကို သဘောတူခဲ့တာ ဖြစ်ပါတယ်။
၁၉၇၀ ခုနှစ်တွေအတွင်း Duch အုပ်ချုပ်တဲ့ အကျဉ်းထောင်မှာ လူပေါင်း ၁ သောင်းခွဲလောက် ညှင်းပန်း နှိပ်စက်ခံရပြီး သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

