နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2012 - 01:26 GMT

ကင်တားနား နေပြည်တော်မှာ ဆွေးနွေး

quintana

လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနား

မြန်မာနိုင်ငံ ကို ရောက်နေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟဲ ကင်တားနား ဟာ ပြီးခဲ့တဲ့ နေ့ က နေပြည်တော် မှာ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ နယ်စပ်ရေးရာ နဲ့ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေး တို့ကို နေပြည်တော် မှာ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ ပါတယ်။

မြန်မာနိုင်ငံ တွင်းမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အခြေအနေ၊ နိုင်ငံရေး တိုးတက်ပြောင်းလဲမှု ကိစ္စရပ်၊ လူ့အခွင့်အရေး ဆိုင်ရာ လုပ်ဆောင်မှု နဲ့ လူသားချင်း စာနာမှု အတွက် အကူအညီ ပေးရေး အပိုင်းတွေ မှာ ပူးပေါင်း ဆောင်ရွက်ရေး တွေ ဆွေးနွေးခဲ့ကြောင်း မြန်မာ ရုပ်မြင်သံကြား သတင်းမှာ တင်ပြသွားပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။