
ဂျမား အစ္စလား မီးယား ထိပ်တန်း ခေါင်းဆောင် မာဝမ်ကို အသေမိ
အယ်လ်ခိုင်းဒါးနဲ့ အဆက်အသွယ်ရှိတဲ့ ဖိလစ်ပိုင် စစ်သွေးကြွ အဘူ ဆာယစ် နဲ့ ဂျမား အစ္စလား မီးယား အဖွဲ့တွေက အလိုရှိဆုံး ခေါင်းဆောင် ၃ ယောက်ကို ဖိလစ်ပိုင် စစ်တပ်က အသေမိခဲ့တယ်လို့ ဆိုပါတယ်။
ဂျိုလိုကျွန်းပေါ်က သူတို့အခြေစိုက်စခန်းကို ဝင်စီးချိန်မှာ သေဆုံးခဲ့တာလို့ ပြောခွင့်ရ ပုဂ္ဂိုလ် တယောက်က ဆိုပါတယ်။
အသေမိမိ အရှင်မိမိ ဒေါ်လာ ၅ သန်း ပေးမယ်လို့ အမေရိကန်က ဆုငွေထုတ် ထားတဲ့ မလေးရှား လူမျိုး မာဝမ် ကိုလည်း အသေမိခဲ့တယ်လို့ သူက ဆိုပါတယ်။
အဘူ ဆာယစ်အဖွဲ့က အနှစ် ၂၀ ကျော်အတွင်း ဖိလစ်ပိုင်မှာ ဗုံးခွဲ ပြန်ပေးဆွဲ ခေါင်းဖြတ်သတ်မှု များစွာ ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

