နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2012 - 01:07 GMT

ဘိုကိုဟာရမ် ပြောခွင့်ရ အရာရှိ ဖမ်းမိ

boko haram

ဘိုကိုဟာရမ်အဖွဲ့ ရဲ့ ဖေါက်ခွဲရေးပစ္စည်း

နိုက်ဂျီးရီးယား မှ ဘိုကိုဟာရမ် အစ္စလမ် အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ကို ဖမ်းဆီး မိပြီ ဖြစ်တဲ့ အကြောင်း ရဲ က ပြောပါတယ်။ ပြီးခဲ့တဲ့ လ မှာတင် လူပေါင်း ၂ဝဝ ကို သတ်ဖြတ် ခဲ့မှု မှာ သူတို့ တာဝန် ရှိ ကြောင်း ဘိုကိုဟာရမ် က ထုတ်ပြောခဲ့ပါတယ်။

အဆိုပါ ပြောခွင့်ရ အဘူကာကာ ကို နိုင်ငံ အရှေ့မြောက်ဘက်၊ ဘောနို ပြည်နယ်၊ မေဒူဂူရီ မြို့မှာ ရဲက ဖမ်းဆီးမိတာ ဖြစ်ကြောင်း အစိုးရ အရာရှိက အတည်ပြု ပြောကြားခဲ့တါပါ။

ပြီးခဲ့တဲ့ ခရစ္စမတ်နေ့ တုန်းက အဘူဂျာမြို့တော် ဘုရားရှိခိုးကျောင်း မှာ ဖေါက်ခွဲတဲ့ ဗုံးဒဏ်ကြောင့် လူပေါင်း ၄၃ ဦး သေဆုံးမှု မှာလည်း ဘိုကိုဟာရမ် က သူတို့ လက်ချက် လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။