နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2012 - 23:32 GMT

အကောင်းဆုံး မြေသြဇာ အဖွဲ့

_schools

မြေသြဇာ အဖွဲ့က ကျောင်းစရိတ် ထောက်ပံ့ဖို့ရှိ

ပြီးခဲ့တဲ့ ဇန္နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတဲ့ အကောင်းဆုံး မြေသြဇာ အဖွဲ့ဝင်တွေ နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ဟာ မနေ့က မြောက်ဉက္ကလာ ၇ ရပ်ကွက်မှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

အဆိုပါ မြေသြဇာ အဖွဲ့ အနေနဲ့ ပြည်သူ့ ရှေ့မှောက် ကို တရားဝင် ထွက်ပြီး နိုင်ငံရေး နဲ့ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်မယ့် အကြောင်း ရန်ကုန် တာဝန်ခံ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် က ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန် မြို့ပေါ်မှာတင် မြေသြဇာ အဖွဲ့ဝင်ပေါင်း ငါးဆယ် ကျော် ရှိနေကြောင်း၊ ရှေ့လုပ်ငန်းစဉ် တွေ ရှင်းပြရာမှာလည်း ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ကျောင်းစရိတ် ထောက်ပံ့နိုင်ရေး ပါဝင်သလို၊ ဂဂ မျိုးဆက် ကျောင်းသား အဖွဲ့နဲ့ လက်တွဲ ဆောင်ရွက်မယ့် အကြောင်း တွေ ဘီဘီစီ ကို ရှင်းပြပါတယ်။

နိုင်ငံရေး ပိုင်းမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး အပိုင်းမှာ ပြည်သူကို နယ်လှည့် စည်းရုံးမယ့် အကြောင်း ပါဝင်တယ်လို့ ဆိုပါတယ်။

မြေသြဇာ အဖွဲ့ကို မှတ်ပုံတင်ဖို့ မစဉ်းသေး ပဲ ပြည်သူတွေထဲက ပြည်သူ့ အဖွဲ့ပဲ ဖြစ်တဲ့ အတွက် ပြည်သူနဲ့ တသားထဲ ရှိကြောင်းကို ကိုတင်ထွဋ်ပိုင် က ဘီဘီစီ ကိုပြောပြပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။