နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2012 - 17:16 GMT

အိန္ဒိယ ဖုန်းလိုင်စင် အမှု ဆုံးဖြတ်

india mobile

လိုင်စင်အလွဲ ရောင်းချမှုကြောင့် ဒေါ်လာ ဘီလျံနဲ့ ချီ နစ်နာ

အိန္ဒိယရဲ့ အကြီးဆုံး ခြစားမှုကြီး တခု ဖြစ်တဲ့ အရင် ၄ နှစ်က ဆက်သွယ်ရေး ကုမ္ပဏီတချို့ကို ထုတ်ရောင်းခဲ့တဲ့ လက်ကိုင်ဖုန်း လိုင်စင်တွေကို ပယ်ဖျက်ဖို့ အိန္ဒိယ တရား လွှတ်တော်ချုပ်က စီရင်ချက် ချခဲ့ပါတယ်။

လိုင်စင်အလွဲ ရောင်းချမှုတွေကြောင့် ဘဏ္ဍာရေး ဌာနမှာ ဒေါ်လာ ဘီလျံနဲ့ ချီ နစ်နာခဲ့တယ်လို့ အိန္ဒိယ အစိုးရ စာရင်းစစ် တွေက ဆိုပါတယ်။

လိုင်စင်ရောင်းခဲ့တဲ့ ဝန်ကြီးကတော့ လာဘ်ယူမှုနဲ့ တရားစွဲခံနေရပါတယ်။ သူ့အမှား မရှိဘူး လို့လည်း ငြင်းနေပါတယ်။

ဒီအရှုပ်တော်ပုံကြောင့် အစိုးရလာဘ်စားမှုအပေါ် မကျေနပ်ဒေါသတွေ တိုးပွား လာတယ်လို့ သတင်းထောက် တွေက ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။