နောက်ဆုံး ရေးသားချိန် 2 ဖေဖေါ်ဝါရီလ 2012 - 01:48 GMT

ကိုလံဘီယာ စည်းကမ်းသစ်

bogota

ကိုလံဘီယာ နိုင်ငံ ဘိုဂိုတာ မြို့မှာ လက်နက်ကိုင်ဆောင်မှု နဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ စည်းကမ်း တွေ ထုတ်ပြန် လိုက်ပါပြီ။

လူဦးရေ ဂ သန်းနေထိုင်တဲ့ ဘိုဂိုတာ မြို့တော်တွင်း မှာ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်မှုထမ်းတွေ နဲ့ လုံခြုံရေး တာဝန်ယူကြတဲ့ ကုမ္ပဏီ ဝန်ထမ်းတွေ က လွဲလို့ မနေ့ က ဗုဒ္ဓဟူးနေ့ က စပြီး ဘယ်သူမှ လက်နက်ကိုင်ဆောင် ခွင့် မပြုတော့ပါဘူး။

ဒီအရေးယူ ဆောင်ရွက်မှု ကို ရက်ပေါင်း ၉ဝ စမ်းသပ် ကြည့်ဖို့ မြို့တော်ဝန် အသစ် ဂတ်စ်တဗို ပက်ထရို က စီစဉ် လိုက်တါပါ။ မစ္စတာ ပက်ထရို ဟာဆိုရင်လည်း လက်ဝဲသမား သူပုန်တဦး ဖြစ်ပြီး အခုလို ပိတ်ပင်မှု ပြုခြင်း အားဖြင့် မြို့တော်တွင်း လူသတ်မှု တွေ လျော့ပါး သွားနိုင်တယ်လို့ မျှော်လင့် ထားကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဆိုရင် ဘိုဂိုတာ မြို့တော်မှာ ပစ်ခတ်မှု တွေကြောင့် လူပေါင်း ၁၅ဝဝ ကျော် သေဆုံးခဲ့ရပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။