နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2012 - 01:10 GMT

ကန်စစ်သုံးစရိတ် ဘီလီယံရာချီ လျှော့မည်

us budget

ကန်စစ်တပ်က အာရှ ပစိဖိတ်ကို အာရုံစိုက်မယ်လို့ အရိပ် အမြွက်ပြော

အမေရိကန် စစ်တပ်မှာ နောင်ဆယ်နှစ် အတွင်း ဒေါ်လာ ဘီလီယံ ရာနဲ့ချီပြီး တန်ဖိုးရှိတဲ့ အသုံးစရိတ် လျှော့ချရေး အစီအစဉ် အသေးစိတ်ကို ကာကွယ်ရေး ဝန်ကြီး လီယွန် ပင်နက် တာက ထုတ်ပြန် ခဲ့ပါတယ်။

ဆယ်စုနှစ် တခုကြာ စစ်တိုက်လာပြီး စစ်ဘက် အသုံးစရိတ်ကို နှစ်စဉ် တိုးသုံးနေရာကနေ ခု တော့ အလှည့်အပြောင်း အမှတ်ကို ရောက်လာ ပြီလို့ သူက ပြောပါတယ်။

၂၀၁၀ ခုနှစ်မှာ အမေရိကန် စစ်မှုထမ်း အရေ အတွက်ဟာ ငါးသိန်း ခုနှစ်သောင်း ရှိရာကနေ ၂၀၁၇ နှစ်မှာ လေးသိန်းကိုးသောင်းထိ လျှော့ချသွားမယ်လို့ မစ္စတာ ပင်နက်တာက ကြေ ညာခဲ့ပါတယ်။

ခုလို အသုံးစရိတ် လျှော့ချရဖို့ ဖြစ်လာတာဟာ ပိုပြီး ကျစ်လစ်တဲ့၊ ပျော့ပြောင်းတဲ့ စစ်တပ် အဖြစ် ပြောင်းလဲဖို့ အခွင့်အလမ်းပဲဆိုပြီး ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် အာရှ ပစိဖိတ် ဒေသကို အဓိက အာရုံ စိုက်သွားမယ်လို့လည်း သူက အချက် ပြခဲ့ပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။