နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2012 - 01:03 GMT

နိုက်ဂျီးရီးယား သမ္မတ ဘိုကိုဟာရမ်ကို စိန်ခေါ်

Islamist

ဘိုကို ဟာရမ် အဖွဲ့သား တယောက်

နိုက်ဂျီးရီးယား သမ္မတ ဂွဒ်လပ် ဂျွန်နသန် က အစ္စလာမ် စစ်သွေးကြွ အဖွဲ့ ဖြစ်တဲ့ ဘို ကို ဟာရမ် အဖွဲ့ကို သူတို့ ဘယ်သူ ဘယ်ဝါ ဆိုတာ တိတိကျကျ အသိပေးပြီး တွေ့ဆုံ ဆွေးနိုင်ရေး အခြေခံ အဖြစ် ဘာတွေကို အလို ရှိသလဲ ဆိုတာကို ရှင်းရှင်း လင်းလင်း အသိပေးဖို့ စိန်ခေါ်လိုက်ပါ တယ်။

စစ်ရေးနည်းနဲ့ ထိပ်တိုက် ရင်ဆိုင်တွေ့ရုံ သက် သက်နဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ပျောက်သွားအောင် လုပ်နိုင်မှာ မဟုတ်ပဲ လူ ငယ်တွေ အလုပ်အကိုင် ရှာဖွေ နိုင်မယ့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးဖို့လည်း လိုအပ် တယ်လို့ ဂွဒ်လပ် ဂျွန်နသန်က ပြောပါတယ်။

ရိုက်တာ သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ဂွဒ်လပ် ဂျွန်နသန်က ပြောသွားတာ ဖြစ်ပြီး ဘို ကိုဟာရမ်ဟာ နိုက်ဂျီးရီးယား အပြင်ဘက်က တခြား ဂျီဟတ် အဖွဲ့တွေနဲ့ အဆက် အစပ် ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဘိုကို ဟာရမ်ကိုယ်တိုင်က သူတို့ ဘယ်သူ ဘယ်ဝါဆိုတာ ထုတ်မပြောတဲ့အခါ ရှေ့ဆက် စကားပြောဖို့ မဖြစ်နိုင်ဘူးလို့ နိုက်ဂျီးရီးယား သမ္မတ ပြောလိုက်ပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။