နောက်ဆုံး ရေးသားချိန် 27 ဇန်နဝါရီလ 2012 - 16:59 GMT

အမေရိကန်တပ်ဖွဲ့တွေ တိုးချဖို့ ဖိလစ်ပိုင်လိုလား

တရုတ်နဲ့ တင်းမာမှုတွေ တိုးပွားလာနေတဲ့ အချိန်မှာ ဖိလစ်ပိုင်က ပြောကြားလိုက်တာပါ

ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန်ရဲ့ စစ်အင်အား တိုးချဲ့ ထားရှိပေးဖို့ လိုလားကြောင်း ဖိလစ်ပိုင်နိုင်ငံက ပြောကြားလိုက်ပါတယ်။

အခုအချိန်ဟာ ဖိလစ်ပိုင်နဲ့ တရုတ်အကြား တင်းမာမှုတွေ တိုးပွားလာနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အဲလ်ဘက် ဒီ ရိုဆာရီယိုက အမေရိကန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ ပိုမိုလုပ်ဆောင်ဖို့နဲ့ ဖိလစ်ပိုင် နိုင်ငံ တလွှား အမေရိကန် တပ်ဖွဲ့တွေ အလှည့်ကျ တိုးချဲ့ ချသွားဖို့ကို နှစ်ဘက်အရာရှိတွေ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။

တခြားနိုင်ငံတွေနဲ့ နယ်မြေ ပိုင်နက်အငြင်းပွားမှုတွေကို ရင်ဆိုင်ရတဲ့အခါ ဖိလစ်ပိုင်အနေနဲ့ အနိမ့်ဆုံး အဖြစ် ယုံကြည်အားထားရလောက်တဲ့ ကာကွယ်ရေး အနေအထားမျိုး ရှိဖို့ လိုအပ်တယ်လို့ သူကပြောပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ဒေသက အငြင်းပွာဖွယ်ဖြစ်နေတဲ့ ရေပိုင်နက်မှာ တရုတ်တို့ဟာ ပြီးခဲ့တဲ့နှစ်က ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။

တရုတ်တို့က အနိုင်ကျင့်တယ်ဆိုတဲ့ သဘောထားမျိုး မြင်လာတာကြောင့် အမေရိကန်တို့ ဆီက အကူအညီ အထောက်အပံ့ကို ထပ်ပြီးရဖို့ ကြိုးစားလာတာပါ။

အမေရိကန်တို့ဘက်ကလည်း ကာကွယ်ရေး အသုံးစရိတ် ဖြတ်တောက်ခံထားရပေမယ့် အာရှပစိဖိတ်ဒေသမှာ ရှိနေတဲ့ သူတို့ရဲ့ စစ်အင်အားကို ထပ်ပြီး တောင့်တင်းခိုင်မာအောင် လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ပြောပါတယ်။

ထိပ်တန်းသတင်းများ

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။