နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2012 - 01:05 GMT

နိုင်ဂျီးရီးယား ရဲချုပ်ကို သမ္မတ ရာထူးက ဖယ်ရှား

ရဲချုပ်ကို ရာထူးက ဖယ်ရှားလိုက်တဲ့ သမ္မတ Goodluck Jonathan

နိုင်ဂျီးရီးယား နိုင်ငံမှာ အစ္စလာမ် ဝါဒီ Boko Haram အဖွဲ့ရဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် သမ္မတ Goodluck Jonathan က ရဲချုပ်ကို ရာထူးက ဖယ်ရှားလိုက်ပါတယ်။

အင်စပက်တာ ဗိုလ်ချုပ်ကြီး Hafiz Ringim ကို အငြိမ်းစား မယူခင် ၏၊ ခွင့်နဲ့ အနားပေးလိုက်ပြီလို့ သမ္မတရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထား ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နိုင်ငံ မြောက်ပိုင်း ကာနိုမြို့မှာ ဘိုခိုဟာရမ် အဖွဲ့ရဲ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ၁ဂ၅ ယောက် သေဆုံးခဲ့ ရပြီး အဲဒီမြို့မှာ ညမထွက်ရ အမိန့် ကြေညာ ထားတာတောင် ပြီးခဲ့တဲ့ အင်္ဂါနေ့ ညတုန်းက အဲဒီ အဖွဲ့ကဘဲ ထပ်ပြီး ဗုံးဖောက်ခွဲ လိမ့်မယ်လို့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ခရစ်ယန် ဘုရားရှိခိုးကျောင်း တခုကို ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ သံသယ ရှိနေတဲ့ လူတယောက် ရဲအချုပ်ကနေ လွတ်သွားခဲ့ ပြီးတဲ့နောက် ရဲချုပ် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။