နောက်ဆုံး ရေးသားချိန် 26 ဇန်နဝါရီလ 2012 - 01:00 GMT

မြန်မာ အပေါ် ပိတ်ဆို့ အရေးယူမှု ထပ်မလျော့ ပေးဖို့ ပန်ကြား

Burma Campaign UK ရဲ့ ဆန္ဒပြပွဲ

မြန်မာနိုင်ငံမှာ စစ်တပ်က ကျောထောက် နောက်ခံ ပေးထားတဲ့ လက်ရှိ အစိုးရက ပြုပြု ပြောင်းလဲရေး လုပ်ဆောင်မှုတွေကို ဂတိပေး ထားတဲ့ အတိုင်း လုပ်ပြမှသာ ပိတ်ဆို့ အရေးယူ ထားမှုတွေကို နောက်ထပ် လျော့ပေါ့ ပေးသင့်တယ်လို့ ဥရောပ သမဂ္ဂကို မြန်မာ့ အရေး တက်ကြွ လှုပ်ရှားတဲ့ Burma Campaign UK နဲ့ Human Rights Watch အဖွဲ့နှစ်ခုက တိုက်တွန်း လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ တုန်းက မြန်မာ အစိုးရ ခေါင်းဆောင်တွေကို ဥရောပ နိုင်ငံတွေက ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားမှုကို ဥရောပ သမဂ္ဂက ရုတ်သိမ်း ပေးခဲ့ပါတယ်။

အာဏာပိုင်တွေဟာ ဖိနှိပ်ချုပ်ချုယ်ထားတဲ့ ဥပဒေတွေကို တခုမှ ပြန်ရုတ်သိမ်းပေးတာ မရှိသေးဘူးလို့ Burma Campaign UK က ပြောပါတယ်။

နောက်တဖွဲ့ ဖြစ်တဲ့ Human Rights Watch ကတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးပြီး အများ ယုံကြည် လက်ခံရ လောက်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အထိ မြန်မာ အစိုးရ အပေါ် ဖိအား ဆက်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ ရောက်နေတဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကတော့ လက်ရှိ လုပ်နေတဲ့ ပြုပြုင် ပြောင်းလဲရေးတွေဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ အခြေအနေမှာ ရှိနေပါတယ်လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။