နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2012 - 15:20 GMT

ဆိုမာလီးယားမှာ ပြန်ပေးဆွဲ ခံရသူတွေကို ဝင်ကယ်

somalia rescued

ဆိုမာလီပြန်ပေးလက်က လွတ်မြောက်လာတဲ့ ဓားစာခံ ၂ ဦး

ဆိုမာလီးယားနိုင်ငံမှာ ပြန်ပေးဆွဲ ခံထား ရတဲ့ အနောက်နိုင်ငံသား ပရဟိတ အဖွဲ့ဝင် နှစ်ဦးကို အမေရိကန် အထူးတပ်တွေက ဝင်ရောက်ကယ်ဆယ်လိုက်ကြပါတယ်။

ဆိုမာလီးယား အလယ်ပိုင်းက ဝေးလံတဲ့ ချုံတောဒေသတခုဆီကို အမေရိကန် နေဗီဆီးလ် ရေတပ်သားတွေ ညအမှောင်မှာ လေထီးနဲ့ ဆင်းပြီး အမေရိကန် အမျိုးသမီး တဦးနဲ့ ဒိန်းမတ် အမျိုးသား တဦးကို သေနတ် သမားတွေ လက်က ကယ်ဆယ် လိုက်တာပါ။

ပြန်ပေး သေနတ်သမား ရှစ်ယောက်ကို ပစ်သတ်ခဲ့ပြီး ပြန်ပေးဆွဲခံနေရသူတွေကို အိမ်နီးချင်း ဂျီဘူတီနိုင်ငံက အမေရိကန် စစ်စခန်းတခုဆီကို ခေါ်သွားခဲ့ကြပါတယ်။

ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး ဗင်လ်လီ ဆဗွန်ဒါကလဲ အမေရိကန်တွေကို ကျေးဇူးတင် ကြောင်း ပြောပါတယ်။

အမေရိကန်တပ်တွေက အခုလို စစ်ဆင်ရေး လုပ်ရတာက ပြန်ပေးဆွဲခံရသူ တယောက်ရဲ့ ကျန်းမာရေးက တော်တော်ဆိုးနေလို့ ဖြစ်တယ်လို့ ပြောသွားပါတယ်။

ပြန်ပေးဆွဲခံခဲ့ရသူ နှစ်ယောက်ဟာ ဒိန်းမတ် မိုင်းရှင်းရေး ပရဟိတအဖွဲ့ တခုနဲ့ အလုပ်လုပ် နေတုန်း ပြီးခဲ့တဲ့ အောက်တိုဘာလက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။