နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2012 - 15:51 GMT

တရုတ် ဗီယက်နမ် သတင်းလွတ်လပ်ခွင့် ဆိုး

vietnam blog

ဗီယက်နမ်မှာ သတင်းသမား ဘလော့ဂါတွေကို နှောင့်ယှက် ဖမ်းဆီးတာတွေရှိခဲ့

ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ RSF ရဲ့ နိုင်ငံ အလိုက် သတင်း လွတ်လပ်ခွင့် အဆင့် သတ်မှတ်ချက် ထွက်လာရာမှာ အရှေ့အာရှ ဒေသက တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်မှာ အခြေအနေ ဆိုးဝါးခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်မှာ ဆင်ဆာ တင်းကျပ်မှုတွေ ပိုတွေ့ ခဲ့ရပြီး အင်တာနက်ကို ထိန်းချုပ်မှု တွေလည်း ပိုများခဲ့ကြောင်းနဲ့ သတင်းထောက်တွေကို သတင်းရယူခွင့် တွေ ကန့်သတ် ခဲ့ကြောင်း သိရပါတယ်။

ဗီယက်နမ်မှာတော့ သတင်းသမားတွေနဲ့ ဘလော့ဂါတွေကို လုံခြုံရေး အကြောင်းပြချက်တွေ နဲ့ အနှောင့်အယှက်ပေးတာ၊ အရေးယူ ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာလည်း အဆင့် လျော့ကျသွားပြီး မြန်မာနိုင်ငံကတော့ တိုးတက်မှုတွေ ရှိလာတာ တွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

အခု နောက်ဆုံး အဆင့် သတ်မှတ်ချက် အရ မြန်မာနိုင်ငံက နံပါတ် ၁၆၉မှာ ရှိနေပါတယ်။

နောက်ဆုံးက ပြန်ရေရင် နံပါတ် ၁၀ မှာ ရှိတာပါ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကြောင့် တိုးတက်မှု နည်းနည်း တွေ့လာရပေမယ့် လက်တွေ့ လုပ်ပြ စရာတွေ ရှိသေးတယ်လို့ RSF က ပြောပါတယ်။

ထိပ်တန်းသတင်းများ

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။