နောက်ဆုံး ရေးသားချိန် 25 ဇန်နဝါရီလ 2012 - 00:50 GMT

နောက်ထပ် စီးပွားပျက်ကပ် ဆိုက်နိုင်တယ်လို့ IMF သတိပေး

အိုင်အမ်အက်ဖ် စီးပွားရေး ပညာရှင် Olivier Blanchard

ကမ္ဘာ စီးပွားရေး ပြန်နလံထူမှုဟာ အန္တရယ် ကျရောက်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ IMF က သတိပေးလိုက် ပါတယ်။

တကယ်လို့ ယူရိုဇုန် ကြွေးမြီ ပြဿနာ ပိုပြီး ဆိုးရွားလာမယ် ဆိုရင် နောက်ထပ် စီးပွား ပျက်ကပ် ဆိုက်နိုင်တယ်လို့ IMF ရဲ့ ပြတ်သားတဲ့ သုံးသပ်ချက်တွေက ဆိုပါတယ်။

ငွေကြေး ဘဏ္ဍာရေး စံနစ် တခုလုံးဟာ အန္တရယ်ဇုန် ထဲမှာ နက်နက်ရှိုင်းရှိုင်း ကျရောက် နေပြီး အစိုးရတွေ အနေနဲ့ အသုံးစရိတ် ဖြတ်တောက်ျမှု အစီအစဉ် တွေကို ဘယ်လောက် ခဲခဲယဉ်းယဉ်း လျှင်လျှင် မြန်မြန် လုပ်ဆောင် နိုင်မလဲ ဆိုတာကို ပြန်ပြီး သုံးသပ်ဖို့ IMFက ပန်ကြား လိုက်ပါတယ်။

ဘဏ်တွေက ငွေထုတ်ချေးမှုကို ထိန်းချုပ် နေတာနဲ့ အစိုးရ အသုံးစရိတ် ဖြတ်တောက်မှု နှစ်ခု ပေါင်းလိုက်ရင်လည်း စီးပွားရေး တိုးတက်မှုကို ထိခိုက် နိုင်ပြီး သူ့အဆို အရ တကယ့်ကို အန္တရယ် ရှိတဲ့ စီးပွားရေး ကျဆင်းမှု သံသရာထဲ ရောက်သွား နိုင်တယ်လို့ IMF ရဲ့ ထိပ်တန်း စီးပွားရေး ပညာရှင် Olivier Blanchard က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012

ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။