နောက်ဆုံး ရေးသားချိန် 1 ဇန်နဝါရီလ 2012 - 00:40 GMT

ကမ္ဘာ တဝှမ်းမှာ နှစ်သစ်ကို ကြိုဆိုကြ

bbc

သောတရှင်များ အားလုံး အတွက် မင်္ဂလာ နှစ်သစ် ဖြစ်ပါစေလို့ ဘီဘီစီ ဝိုင်းတော်သားတွေက ဆုတောင်း လိုက်ပါတယ်။

ကမ္ဘာ တဝှမ်းမှာ ၂၀၁၂ နှစ်သစ်ကို ကြိုဆိုတဲ့ အနေနဲ့ ညလုံးပေါက် ပျော်ပွဲ ရွှင်ပွဲတွေ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့ အရှေ့ဖျားမှာ ရှိတဲ့ နယူးဇီလန် နိုင်ငံက နှစ်သစ်ကို အဦးဆုံး ကြိုတဲ့ နိုင်ငံတွေထဲမှာတ နိုင်ငံ အပါအဝင် ဖြစ်ပြီး သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့မှာလည်း မနှစ်ကလို စည်စည်ကား ကား သိုက်သိုက် မြိုက်မြိုက် ရှိလှပါတယ်။

မြန်မာ နိုင်ငံမှာလည်း နှစ်သစ်ကို ကြိုဆိုခဲ့ကြပြီး လန်ဒန်မြို့မှာ ဆိုရင် လွန်ခဲ့တဲ့ မိနစ်ပိုင်းကပဲ နှစ်ကူးသွားတာကို လန်ဒန်မြို့ရဲ့ အထင်ကရ အဆောက်အဦ ဘစ်ဘန် နာရီစင်ကြီးက အသိပေးခဲ့ပါတယ်။

လန်ဒန် အပါအဝင် ဥရောပနဲ့ အာဖရိက နိုင်ငံတွေမှာ နှစ်သစ်ကို အားရပါးရ ကြိုဆိုနေ ကြပါတယ်။

လန်ဒန်မှာဆိုရင် လန်ဒန် မျက်စိ ခေါ်တဲ့ လန်ဒန် ချားရဟတ်ကြီး ရှိရာ နေရာ တခုထဲမှာ မီးရှုး မီးပန် တသောင်းကျော် ပစ်ဖောက်ခဲ့ပါတယ်။

အရင်နှစ်တွေကဆိုရင် နှစ်သစ်ကို နောက်ဆုံးကျမှ ကြိုဆိုရတဲ့ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေး ဖြစ်တဲ့ အနောက် ဆာမိုးအား ကျွန်းစုက ဒီနှစ်မှာတော့ နှစ်သစ်ကို အရင် ဦးဆုံး ကြိုဆိုတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ရက် အနည်းငယ် လောက်ထိ နိုင်ငံတကာ ရက်စွဲမျဉ်းရဲ့ အရှေ့ဘက်မှာ ရှိတဲ့ အနောက်ဆာမိုးအား နိုင်ငံက သူတို့ နိုင်ငံရဲ့ တိုင်းဇုံ အချိန်ဒေသကို နိုင်ငံတကာ ရက်စွဲ မျဉ်းရဲ့ အနောက်ဘက်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီတော့ ဒီလ ၂၉ ရက်နေ့ည ဆယ့်နှစ်နာရီ ထိုးတာနဲ့ ၃၁ ရက်နေ့ကို တန်းကူးပြီး နှစ်သစ်ကို အစောဆုံး ကြိုဆိုတဲ့ နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ကုလ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကလည်း ၂၀၁၂ မှာ ကမ္ဘာ့ နိုင်ငံတွေ ဒီမိုကရေစီ စံနစ်ကို ပိုပြီး ဦးတည်သွားကြဖို့ မျှော်လင့်ကြောင်း သတင်း စကား ပါးခဲ့ပါတယ်။

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။