နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2011 - 01:15 GMT

ရုရှား ရွေးကောက်ပွဲ နောက်ပိုင်း ဆန္ဒပြမှု လူ၂၅ဝ ရဲက ဖမ်းဆီး

ရုရှား အတိုက်အခံ ခေါင်းဆောင် Boris Nemtsov လည်း ဖမ်းဆီးထိန်းသိမ်းခံရ

ရုရှာနိုင်ငံ မော်စကိုမြို့မှာ ရွေးကောက်ပွဲ ကျင်းပပြီး ဒုတိယမြောက် နေ့မှာ ဆက်လက် ဆန္ဒပြနေရာမှာ လူပေါင်း ၂၅ဝ လောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ ရဲက ပြောပါတယ်။

အတိုက်အခံ ခေါင်းဆောင် Boris Nemtsov ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်ရဲ့ ပါတီကို ဘက်လိုက်ပြီး မဲလိမ်မှုတွေ ရှိခဲ့တယ်လို့ ပြောနေတဲ့ တနင်္ဂနွေနေ့တုန်းက ကျင်းပတဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို ဆန့်ကျင်တဲ့ လူထု စုဝေး ဆန္ဒပြမှုဟာ တရားဝင် အသိအမှတ်ချက်နဲ့ ကျင်းပတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ရာနဲ့ချီတဲ့ ပူတင်ကို ထောက်ခံတဲ့ လူငယ်တွေကလည်း ရုရှားနိုင်ငံ အနှံ့အပြား ကနေ မော်စကို မြို့တော်ကို ရောက်လာကြပြီး ပူတင်ကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ရုရှား ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ ဝေဖန်ချက်ဟာ လက်ခံနိုင် စရာ မရှိဘူးလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။