နောက်ဆုံး ရေးသားချိန် 7 ဒီဇင်ဘာလ 2011 - 00:55 GMT

EU စာချုပ်ဘောင် အတွင်း ဘဏ္ဍာရေး စည်းမျဉ်းချမှတ်နိုင်

ဥရောပ ကောင်စီ ဥက္ကဌ Herman Van Rompuy

လက်ရှိ ဥရောပ သမဂ္ဂ သဘောတူ စာချုပ် ဘောင်အတွင်း ယူရိုငွေကြေးသုံး နိုင်ငံတွေအပေါ် တင်းကျပ်တဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ ချမှတ်နိုင်လိမ့်မယ်လို့ ဥရောပ ကောင်စီ ဥက္ကဌ Herman Van Rompuy က ပြောကြားလိုက် ပါတယ်။

လာမယ့် ရက်တွေ အတွင်း ကျင်းပမယ့် လက်ရှိ ယူရိုဇုန်ရဲ့ ကြွေးမြီပြဿနာ အပေါ် ဖြေရှင်းဖို့ ဆွေးနွေးကြမယ့် ဥရောပ သမဂ္ဂ ညီလာခံမှာ မစ္စတာ ရွမ်ပွိုင်းက ဥက္ကဌ အဖြစ် ဆောင်ရွက် မှာလည်း ဖြစ်ပါတယ်။

ပြင်သစ်နဲ့ ဂျာမဏီတို့ကတော့ ယူရိုဇုန် နိုင်ငံတွေ အနေနဲ့ ဘဏ္ဍာရေး ပေါ်လစီတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်နိုင်မယ့် အချက်တွေ ထည့်သွင်းဖို့ လုပ်ဆောင် နေတယ်လို့ ပြောပါတယ်။

ဒီအစီအစဉ်ကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Timothy Geithner က ထောက်ခံခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ် David Cameron ကတော့ အပြောင်းအလဲ မှန်သမျှဟာ ဗြိတိန် အကျိုးစီးပွားကို အကာအကွယ် မပေးဘူး ဆိုရင် ဗီတိုသုံးရနိုင်တယ်လို့ ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။