နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2011 - 01:42 GMT

ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေ အပျောက်ရှင်း ခံရ

ဆီးရီးယားက ဆန္ဒပြသူတွေ

ဆီးရီးယား နိုင်ငံ Homs မြို့မှာ အရပ်သား အနည်းဆုံး ၃၄ယောက် ပြန်ပေးဆွဲ ခံခဲ့ ရပြီး အသတ်ခံခဲ့ ရတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အခု ပြန်ပေးဆွဲ သတ်ဖြတ် ခံရသူတွေဟာ သမ္မတ ဘတ်ရှား အယ် အာဆက်ဒ်ကို ဆန့်ကျင်တဲ့ ဒေသမှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်တယ်လို့ ယူကေ အခြေစိုက် Syrian Observatory for Human Rights အဖွဲ့က ပြောပါတယ်။

သမ္မတ အာဆက်ကို သစ္စာခံ တပ်ဖွဲ့တွေက ဟော်မ်စ်မြို့ကို သိမ်းထားတာ လာအတော်ကြာ သွားပါပြီ။

အစောပိုင်းတုန်းကလည်း အာရပ် အဖွဲ့ချုပ်က လေ့လာ စုံစမ်းရေးမှူးတွေကို နိုင်ငံတွင်း ဝင်ခွင့်ပေးရမယ် ဆိုတဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေပါပြီလို့ ဆီးရီးယား အစိုးရက ကြေညာခဲ့ပါတယ်။

ဒါကို အာရပ် အဖွဲ့ချုပ်က မတုန့်ပြန်ရသေးဘဲ ဆီးရီးယား အစိုးရ ဘယ်လောက် ခွင့်ပြုချက်တွေ လိုက်လျောမလဲ ဆိုတဲ့ အခြေအနေကို စောင့်ကြည့်ပြီးတော့မှ လေ့လာ စုံစမ်းသူတွေကို စေလွှတ်မယ်လို့ အာရပ်အဖွဲ့ချုပ်က ပြောခွင့်ရသူက ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။