နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2011 - 01:31 GMT

ပူတင် ဆင်းပေးလို့ ကြွေးကြော် ဆန္ဒပြသူတွေ ဖမ်းဆီးခံရ

ရုရှား သမ္မတ ကနေ ဝန်ကြီးချုပ် အခုတခါ သမ္မတ ရွေးကောက်ပွဲ ပြန်လည် ဝင်ပြိုင်တဲ့ Vladimir Putin

ရုရှားမှာ ရွေးကောက်ပွဲ ကော်မရှင်က ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်ရဲ့ ယူနိုက်တက် ရုရှားပါတီ ထောက်ခံမဲ ရအောင် ဘက်လိုက်ခဲ့တယ်လို့ နိုင်ငံတကာ လေ့လာသူ တွေက ပြောကြားခဲ့ ပြီးတဲ့နောက် မော်စကို မြို့လယ်မှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စစ်မှန်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆို နေကြပါတယ်။

ပူတင်ရဲ့ ပါတီက အနိုင်ရခဲ့ ပေမယ့် အရင်ကထက် စာရင် ထောက်ခံမဲတွေ သိသိသာသာ လျော့နည်းသွားတာ ဖြစ်ပါတယ်။

ပူတင် ဆင်းပေး ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြတဲ့ ဆန္ဒပြသူတွေထဲက တချို့ကို နောက်ပိုင်းမှာ ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အသင်းအဖွဲ့ပိုင်း ဆိုင်ရာ ဘက်လိုက်မှုတွေ ရှိခဲ့ပြီး မဲလိမ်ထည့်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ နိုင်ငံတကာ လေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ဒီကိစ္စ အပေါ် အလွန် အမင်း စိုးရိမ်မိကြောင်း ပြောကြားခဲ့ပေမယ့် ရုရှား သမ္မတ Medvedev ကတော့ ရွေးကောက်ပွဲဟာ တရားမျှတပြီး ဒီမိုကရေစီ နည်းလမ်း ကျတယ်လို့ ဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။