နောက်ဆုံး ရေးသားချိန် 6 ဒီဇင်ဘာလ 2011 - 17:59 GMT

ယူရိုဇုန်ခေါင်းဆောင်တွေ ဖိအားပေးခံနေရ

ပိုမိုတင်းကျပ်တဲ့ ဘဏ္ဍာရေး အစီအစဉ်တွေကို ပြင်သစ်နဲ့ဂျာမဏီတို့က ကြေညာခဲ့ပြီးဖြစ်

အခုသီတင်းပတ် နှောင်းပိုင်းမှာ ကျင်းပဖို့ ရှိတဲ့ ယူရိုဇုန် နိုင်ငံတွေရဲ့ ထိပ်သီး အစည်းအဝေး မတိုင်ခင် နိုင်ငံတကာကနေ ယူရိုဇုန် နိုင်ငံတွေ အပေါ် ဖိအားပေးမှုတွေ တိုးလုပ် လာနေပါတယ်။

ထိပ်သီးအစည်းအဝေးကျရင် အနာဂတ် ယူရိုငွေကြေး သုံးစွဲမှုနဲ့ ပတ်သက်ပြီး ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

အမေရိကန်က credit rating ကုမ္ပဏီဖြစ်တဲ့ Standard and Poor ကုမ္ပဏီက ဥရောပ ယူရိုငွေသုံးနိုင်ငံ အားလုံးနီးပါးရဲ့ credit rating ကို ပြန်သုံးသပ်နေပြီလို့ ပြောဆိုလိုက် တာကြောင့် ဥရောပ စတော့ စျေးကွက်တွေဟာ အင်္ဂါနေ့ စျေးဖွင့်ချိန်မှာ စျေးကျသွားပါတယ်။

အခုလို credit rating ကို ပြန်သုံးသပ်တဲ့ လုပ်ရပ်ဟာ တရားမျှတမှု မရှိဘူးဆိုပြီး၊ ယူရိုဇုန် ဘဏ္ဍာရေးအဖွဲ့ အကြီးအကဲက ​ပြောကြားလိုက်ပါတယ်။

အကြောင်းကတော့ ပြင်သစ်နဲ့ ဂျာမဏီတို့က ယူရိုဇုန်နိုင်ငံတွေ အကြား ပိုမိုတင်းကျပ်တဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်မယ့် အစီအစဉ်ကို ကြေညာခဲ့ပြီးမှ အခုလို လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Tim Geithner ကလည်း ဥရောပ ခေါင်းဆောင်တွေ၊ တာဝန်ရှိ အရာရှိတွေနဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်နေပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။