
ကျောက်မီးသွေးသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံတွေ များပြားလို့ လေထု ညစ်ညမ်
တရုတ်နိုင်ငံ မြောက်ပိုင်းက ဒေသတွေမှာ မီးခိုးမြူတွေ ထူထူထပ်ထပ် ကျနေတာကြောင့် အဝေးပြေး လမ်းတွေ ပိတ်ထားရပြီး ဘေဂျင်း လေဆိပ်မှာလည်း ရာနဲ့ချီတဲ့ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာ နေ့တွေ တုန်းကဆိုရင် ဘေဂျင်းမြို့တော်မှာ လေသန့်ရှင်းမှု အရည်အသွေးဟာ အန္တရယ်ရှိတဲ့ အနေအထား ထိအောင် ရောက်ခဲ့တယ်လို့ အမေရိကန် သံရုံးက လေထု ညစ်ညမ်းမှုကို လေ့လာ စောင့်ကြည့်နေသူတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက ရာသီဥတု အခြေအနေကြောင့် ဖြစ်ရတာလို့ ကျယ်ကျယ်ပြန့်ပြန့် အပြစ် ပုံချခဲ့ပြီး မီးခိုးမြူတွေကြား သဲသဲကွဲကွဲ မမြင်ရတဲ့ အခြေအနေမျိုး အချိန် အတန်ကြာထိ ဖြစ်တက်တယ်လို့ ဆိုပါတယ်။
သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ဘေဂျင်းဟာ ကမ္ဘာပေါ်မှာ အညစ်ညမ်းဆုံး မြို့တမြို့ ဖြစ်ပြီး ဒီလို ဖြစ်ရခြင်း အကြောင်းရဲ့ တစိတ်တဒေသဟာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား ထုတ်စက်ရုံတွေ အများအပြား ကြောင့်လို့ ဆိုပါတယ်။

