နောက်ဆုံး ရေးသားချိန် 4 ဒီဇင်ဘာလ 2011 - 15:14 GMT

ဒုတိယကမ္ဘာစစ်က ဗုံးကြီးတလုံး ဂျာမဏီမှာတွေ့ရှိ

ဒီဗုံးကြီးဟာ ရိုင်းမြစ်ထဲမှာ နှစ်ပေါင်း ၆၀ ကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်

ဂျာမဏီနိုင်ငံ Koblenz မြို့မှာ ဒုတိယ ကမ္ဘာစစ် က ဗုံးကြီးတလုံးကို တွေ့ရှိရတဲ့ အတွက်၊ ဗုံးကို စနက်တံဖြုတ်မှာ ဖြစ်လို့ အဲဒီနေရာ တဝိုက်မှာ ရှိနေကြတဲ့ လူပေါင်း လေးသောင်းကျော်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပါတယ်။

အလေးချိန်အားဖြင့် ၂ တန်လောက်ရှိတဲ့ ဒီဗုံး ကြီးဟာ ရိုင်းမြစ်ထဲမှာ နှစ်ပေါင်း ၆၀ ကျော် ရှိနေခဲ့တာပါ။ အခုတော့ မိုးခေါင်တဲ့ အခြေ အနေနဲ့ မြစ်ရေ ကျဆင်းရာကနေ ဗုံးကြီးကို အမှတ်မထင် ပြန်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အခု ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတဲ့ လူတွေထဲမှာ သက်ကြီးရွယ်အို ကြည့်ရှု စောင့်ရှောက်ရေး ဂေဟာ ၇ ခု၊ ဆေးရုံ ၂ လုံးနဲ့ ထောင်တခုက လူတွေလည်း ပါဝင်ကြ ပါတယ်။

စနက်တံဖြုတ်မယ့် အဖွဲ့က မြစ်ထဲဆင်းပြီး ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် ဗုံးရှိနေတဲ့ မြစ်နေရာက ရေတွေကို စုပ်ထုတ်နေပြီး၊ ဗုံးပတ်ပတ်လည်မှာ သဲအိတ်တွေကို ချထားနေ ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။