
ရွေးကောက်ပွဲဟာ အများပြည်သူကို ဆွဲဆောင်နိုင်မှု မရှိဘူးလို့ ဆိုပါတယ်
တနင်္ဂနွေနေ့ ကျင်းပတဲ့ ရုရှားနိုင်ငံ ပါလီမန် ရွေးကောက်ပွဲတွေမှာ မဲဆန္ဒရှင်တွေ မဲပေးခဲ့ ကြပါတယ်။ ဒီရွေးကောက်ပွဲဟာ ဝန်ကြီးချုပ် ဗလာဒီမာ ပူတင်ကို လူကြိုက် များ/မများဆိုတာ စမ်းသပ်တဲ့ပွဲ အဖြစ် လည်း တွေ့မြင်ရပါတယ်။
မစ္စတာပူတင်ဟာ ရှေ့လာမယ့် ၃ လအကြာမှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမှာ ဖြစ်ပါတယ်။
ရုရှားအစိုးရကတော့ မဲပေးပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနေပေမယ့်လည်း မဲပေးမှုတွေနဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာ တွေကလည်း တိုးပွားလာ နေခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကတော့ လွတ်လပ်တဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့ ရေဒီယို သတင်းဌာန အတော်များများကို ထပ်တလဲလဲ နှောင့်ယှက်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ဘီဘီသတင်းထောက်ပြောတာကတော့ ပါလီမန်ဟာ အစိုးရကို ထောက်ခံပေးရုံ သက်သက် ဖြစ်တယ်လို့ လူတွေက ထင်မြင်နေကြတာမို့ ဒီရွေးကောက်ပွဲဟာ အများပြည်သူကို စိတ်ဝင်စားလာအောင် ဆွဲဆောင်နိုင်မှု မရှိဘူးလို့ ဆိုပါတယ်။

