နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2011 - 15:41 GMT

တရုတ်နိုင်ငံ ကလေးတယောက်ပေါ်လစီကို လျှော့ပေါ့ပေး

ဟီနန်ပြည်နယ်က မိသားစုတွေမှာ သမီးတဦး တည်း ရှိခဲ့ရင် နောက်တဦး ထပ်ယူခွင့်ရပြီ

တရုတ်နိုင်ငံမှာ တိုင်းပြည်ရဲ့ အငြင်းပွား ဖွယ် ဖြစ်နေတဲ့ မိသားတစု ကလေး တယောက် ပေါ်လစီနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်တချို့ကို နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ်မှာ လျှော့ပေါ့ ပေးလိုက်ပြီ ဖြစ်ပါတယ်။

လူဦးရေ သန်း ၉၀ ရှိတဲ့ ဟီနန်ပြည်နယ်ဟာ မိသားတစုမှာ ကလေးတယောက်ပဲ ရှိရမယ် ဆိုတဲ့ ပိတ်ပင်ထားမှုကို နောက်ဆုံး လျှော့ပေါ့ ပေးလိုက်တဲ့ ပြည်နယ် ဖြစ်ပါတယ်။

ကျေးလက်ဒေသက သမီး မိန်းကလေးတဦးပဲ ရှိတဲ့ မိသားစုတွေ အနေနဲ့ သားယောင်္ကျား လေး အလိုရှိခဲ့ရင် နောက်ထပ် တဦး ထပ်မွေးခွင့် ရရှိမှာ ဖြစ်ပါတယ်။

နောက်ပြီး ဇနီးမောင်နှံ ၂ ဦးစလုံးဟာ သူတို့မိသားစုတွေမှာ တဦးတည်းသော သား/သမီး ဖြစ်ခဲ့မယ် ဆိုရင်လည်း အဲဒီ ဇနီးမောင်နှံဟာ သားသမီး ၂ ဦး ယူခွင့်ရမှာ ဖြစ်ပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။