နောက်ဆုံး ရေးသားချိန် 26 နိုဝင်ဘာလ 2011 - 01:06 GMT

ဆီးရီးယား အစိုးရ နောက်ဆုတ်မယ့်ပုံ မရှိ

ဆီးရီးယားက ဆန္ဒပြပွဲတွေ

ဆီးရီးယား နိုင်ငံထဲကို လေ့လာ သုံးသပ်သူတွေ ဝင်ခွင့်ပေးပါလို့ အာရပ်အဖွဲ့ချုပ်ရဲ့ တောင်းဆို ချက်ကို လိုက်လျောရမယ့် အချိန် ကျော်လွန်လာတာကြောင့် ဆီးရီးယားဟာ အာရပ် အဖွဲ့ချုပ်ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူ ခံရမယ့် ခြိမ်းခြောက်မှု ရင်ဆိုင် နေရပါပြီ။

ဆီးရီးယားကို ပိတ်ဆို့ အရေးယူဖို့ အတွက် ဒီစနေ တနင်္ဂနွေမှာ အာရပ် အဖွဲ့ချုပ်မှာ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက် ချမှာ ဖြစ်ပါတယ်။

အဲဒီလို အရေးယူမယ့် အစီအစဉ်အရ လေကြောင်းခရီး ပျံသန်းမှုတွေ ရပ်ဆိုင်းပြီး ဘဏ္ဍာရေး ဆက်သွယ်မှု့ အပြင် ဆီးရီးယားရဲ့ ပြည်ပက ပိုင်ဆိုင်မှုတွေကိုလည်း ကန့်သတ်ပစ်တော့ မှာ ဖြစ်ပါတယ်။

အာရပ် အဖွဲ့ချုပ်ရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမယ့် အစီအစဉ်ကို ရှုတ်ချ ဆန္ဒပြမှုတွေ အပါအဝင် အစိုးရ အနေနဲ့ နောက်ဆုတ်မယ့် ပုံ မရှိဘူးလို့ ဘီဘီစီ အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက်က ပြောပါတယ်။

သမ္မတ အာဆက် ရာထူးက ဆင်းပေးရေး တက်ကြွ လှုပ်ရှားသူ တွေကတော့ ဆီးရီးယားမှာ ဆန္ဒပြမှုတွေ ဆက်ဖြစ်နေပြီး လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်ကြောင့် လူတွေ ထပ်ပြီး သေဆုံး နေတုန်းဘဲလို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။