
ဘယ်လဂျီယမ် ယာယီ ဝန်ကြီးချုပ် Yves Leterme
ဥရောပ ကြွေးမြီ ဂယက် ဆက်ပြန့်နေမှုကြောင့် ဘယ်လဂျီယမ်ရဲ့ ကြွေးမြီ ပြန်ဆပ်နိုင်စွမ်းကို အကြွေးအဆင့်အတန်း သတ်မှတ်ပေးတဲ့ အေဂျင်စီ Standard & Poor's ကနေ အဆင့်လျှော့ချ သတ်မှတ် လိုက်ပါ တယ်။
ဘယ်လဂျီယမ် နိုင်ငံရေး အခြေအနေက ရှေ့မတိုး နောက်မဆုတ် ဖြစ်နေပြီး အစိုးရသစ်ဖွဲ့ဖို့ အဖန်တလဲလဲ ပျက်ကွက်ခဲ့တာကြောင့် အကြွေးပြန်ဆပ်ဖို့ ပြဿနာ ကြုံရမယ့် အပေါ် စိုးရိမ်ပူပန်ကြောင်း Standard & Poor's က ပြောပါတယ်။
တနင်္လာနေ့ စျေးဖွင့်ချိန် မတိုင်မီ ဘတ်ဂျတ်သစ်ရဲ့ အဓိက အချက်တွေကို သဘောတူညီမှု ရအောင် ကြိုးစား ကြဖို့ ဘယ်ဂျီယမ် ပြိုင်ဖက် ပါတီတွေကို ၁ဂလနီးပါး ယာယီ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူ ထားရတဲ့ Yves Leterme က တိုက်တွန်း လိုက်ပါတယ်။

