နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2011 - 01:02 GMT

အီဂျစ်မှာ စစ်တပ် အုပ်ချုပ်ရေး ချက်ချင်းရပ်ဖို့ တောင်းဆိုနေ

ရဲတွေက မျက်ရည်ယိုဗုံး သုံးပြန်ပြီ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တာ့ဟ်ရီရာ ရင်ပြင်မှာ ထောင်သောင်း ချီတဲ့ ဆန္ဒပြသူတွေက စစ်တပ် အုပ်ချုပ်ရေး ချက်ချက် ရပ်ပေးဖို့ တောင်းဆို နေပါတယ်။

ဆန္ဒပြသူတွေနဲ့ ရဲတွေကြား တခဏလောက် အတိုက်အခိုက် ရပ်သွားခဲ့ ခဲ့ပြီးတဲ့နောက် အဓိကရုန်းတွေ ထပ်ဖြစ်ခဲ့ပါတယ်။

အနီးတဝိုက် ဗလီတွေက ဘာသာရေး အကြီးအကဲတွေက နှစ်ဘက် တိုက်ခိုက်မှု ရပ်ဖို့ ပန်ကြား ခဲ့ပြီး စစ်တပ်က ရဲနဲ့ ဆန္ဒပြသူတွေကို လူစု ခွဲခဲ့ရပါတယ်။

ဒါပေမယ့် ရဲတွေက ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေ ထပ်မံ အသုံးပြုခဲ့ပြီး လက်ရှိ အခြေအနေ မှာတော့ ရင်ပြင် တဝိုက်မှာ မီးတောက်မီးခိုးတွေ တွေ့ရကာ မျက်ရည်ယို ဗုံးက အခိုးအငွေ့တွေလို့ ယူဆရပါတယ်။

လက်ရှိ အုပ်ချုပ်နေတဲ့ စစ်ကောင်စီကတော့ လာမယ့် တနင်္လာနေ့မှာ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲတွေကို စီစဉ်ထားတဲ့ အတိုင်း ကျင်းပသွားမယ်လို့ အခိုင်အမာ ပြောနေပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။