နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2011 - 23:18 GMT

ဘာရိန်းမှာ ဆန္ဒပြသူတွေကို အင်အား အလွန်အကျွံသုံး နှိမ်နင်းခဲ့

စုံစမ်းရေး ကော်မရှင်က အစီရင်ခံစာ ထွက်လာပြီ

ဘာရိန်းနိုင်ငံမှာ ဖေဖော်ဝါရီလ တုန်းက ဒီမိုကရေစီ အရေး တောင်းဆို ဆန္ဒပြသူတွေကို အစိုးရက အပြင်းအထန် နှိမ်နင်းခဲ့တယ် ဆိုတဲ့ အစီရင်ခံစာ တစောင်ကို လွတ်လပ်တဲ့ စုံစမ်း ကော်မရှင် အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဆန္ဒပြပွဲမှာ အဖမ်းခံရသူတွေဟာ ကြာပွတ်နဲ့ ရိုက် ၊ ကန်ကျောက် ၊ လျှပ်စစ် ကျဉ်စက်နဲ့တို့ တဲ့အပြင် အပြစ် ဝန်ခံလာအောင် အဓမ္မ စော်ကားခံရမယ် ဆိုပြီးတော့လည်း ခြိမ်းခြောက် ခံခဲ့ရတယ်လို့ အစီရင်ခံစာ ရေးသားသူ Cherif Bassiouni က ပြောပါတယ်။

အစီရင်ခံစာ ထွက်ပေါ်လာအောင် စီစဉ်ခဲ့တဲ့ ဘာရန်း ဘုရင် ကတော့ အခုလို ထိန်းသိမ်း ခံရသူတွေကို နှိပ်စက် ညှင်းပမ်းမှု အပေါ် တုန်လှုပ်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ ပါတယ်။

ဘုရင်အနေနဲ့ ဒီအစီရင်ခံစာ အပေါ် ဘယ်လို တုန့်ပြန် ဆောင်ရွက်ပြီး နှိပ်စက် ကျူးလွန်တဲ့ တာဝန်ရှိသူတွေကို အရေးယူမှာလား ဆိုတာ အခုအချိန်မှာ မေးခွန်းထုတ် ဖြစ်နေပြီလို့ Professor Bassiouni က ဘီဘီစီကို ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။