
လွှတ်တော်ရဲ့ တာဝန်ကတော့ အခြေခံဥပဒေ အသစ် တခု ရေးဆွဲရေး ဖြစ်ပါတယ်
တူနီးရှားနိုင်ငံမှာ အသစ်ရွေးကောက် တင်မြောက် ဖွဲ့စည်းလိုက်တဲ့ အခြေခံ ဥပဒေရေးဆွဲရေး လွှတ်တော်ရဲ့ ပထမဦး ဆုံး အစည်းအဝေးကို ကျင်းပနေပါတယ်။
ပြီးခဲ့တဲ့လကမှ ရွေးကောက်ဖွဲ့စည်းလိုက်တဲ့ ဒီလွှတ်တော်မှာ အရင်တုန်းက တားမြစ်ခံထား ရတဲ့ အစ္စလာမ်မစ်ပါတီက နေရာအများစုနဲ့ အနိုင်ရ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒီညီလာခံရဲ့ တာဝန်ကတော့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ အခြေခံဥပဒေအသစ်တခု ရေးဆွဲဖို့ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အထွေထွေရွေးကောက်ပွဲတွေကို တနှစ်အတွင်း ကျင်းပဖို့ သဘောတူ ထားတယ်လို့ မစ္စလာမ်မစ်ပါတီက ပြောပါတယ်။
တူနီးရှားမှာ လူထုအုံကြွမှု ဖြစ်ပွားရာကနေ သမ္မတ ဇီ အဲလ် အဘက်ဒီး ဘန်အာလီ ဇန္နဝါရီလမှာ ရာထူးက ပြုကျခဲ့ပြီးနောက် အာရပ်ကမ္ဘာတလွှားမှာ မတည်ငြိမ်မှုတွေ အကြီးအကျယ် ပျံ့နှံ့ ဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

