နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2011 - 01:37 GMT

မြန်မာကို ပိတ်ဆို့ အရေးယူတာ ရုတ်သိမ်းဖို့ မလေးရှား တိုက်တွန်း

လက်တွဲဝန်းရံ အာဆီယမ်

မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုတွေ ရုတ်သိမ်းပေးဖို့ မလေးရှား နိုင်ငံခြားရေး ဝန်ကြီးက ကမ္ဘာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ကြောင်း နိုဝင်ဘာ ၂၁ရက်နေ့စွဲနဲ့ မလေးရှား နိုင်ငံထုတ် Star သတင်းစာ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အနေနဲ့ မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှုကို ဖျက်သိမ်းပြီး တိုင်းပြည် တိုးတက်စေမယ့် ထောက်ပံ့မှုတွေနဲ့ အကူအညီပေးသင့်တယ်လို့ ကျွန်တော်တို့ ထင်မြင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Datuk Seri Anifah Aman က ပြောပါတယ်။

ဒါမှသာ ၂ဝ၁၅ ခုနှစ်ကျရင် အာဆီယံ အသိုင်းအဝိုင်း ထူထောင်တဲ့ အခါ လိုက်လျောညီထွေတဲ့ တိုးတက်မှုတွေ ဖြစ်လာနိုင်မှာပါလို့ ဆိုပါတယ်။

မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်လည်း ဒီဇင်ဘာလ အစောပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။