နောက်ဆုံး ရေးသားချိန် 23 နိုဝင်ဘာလ 2011 - 00:47 GMT

Saif-al-Islam Gaddafi ကို လစ်ဗျားမှာ စီရင်နိုင်

ဖမ်းမိခဲ့တဲ့ ကဒါဖီရဲ့ သား Saif

လစ်ဗျားနိုင်ငံမှာ လာမယ့်နှစ် ဇွန်လကုန်မှာ ကျင်းပမယ့် ပါလီမန် ရွေးကောက်ပွဲ အထိ အုပ်ချုပ် သွားမယ့် အသွင်ကူးပြောင်းရေး အစိုးရ အဖွဲ့ ရာထူးတွေကို ဝန်ကြီးချုပ် Abdurrahim al-Keib က ကြေညာခဲ့ပါတယ်။

ထရစ်ပိုလီမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားရာမှာ ပြီးခဲ့တဲ့ စနေနေ့ တုန်းက ဗိုလ်မှူးကြီး ကဒါဖီ သား Saif ကို ဖမ်းဆီးခဲ့တဲ့ Zintan ဒေသ တပ်ဖွဲ့ အကြီးအကဲ Usamah al-Juwayli ကို ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် ခဲ့ပါတယ်။

အခုလို လစ်ဗျား ကြားဖြတ် အစိုးရသစ် အဖွဲ့ထဲမှာ အရင်က ထင်ရှားတဲ့ သူတွေ မပါဘဲ လူသူ သိတ်မသိတဲ့ သူတွေနဲ့ ဖွဲ့ခဲ့တဲ့ အပေါ် အနောက်နိုင်ငံ ဆိုင်ရာ သံတမန်တွေက အံအားသင့် နေကြပါတယ်။

အိုင်စီစီ အကြီးအကဲ Luis Moreno-Ocampo

ပြီးခဲ့တဲ့ စနေနေ့တုန်းက ဖမ်းမိခဲ့တဲ့ ဗိုလ်မှူးကြီး ကဒါဖီရဲ့သား ဆေ့ဖယ်လ် အစ္စလာမ်ကို လစ်ဗျားမှာဘဲ တရားစီရင်နိုင်ပါတယ် ဒါပေမယ့် နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC က တရားသူကြီးတွေ ကဘဲ ကြားနာ စစ်ဆေးရလိမ့်မယ်လို့ ICC အကြီးအကဲက ပြောပါတယ်။

လစ်ဗျားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ခဲ့ပြီးတဲ့နောက် ICC အကြီးအကဲ Luis Moreno-Ocampo က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

လူသားမျိုးနွယ်စု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ တရားရင်ဆိုင် နေရတဲ့ ၊ နိုင်ငံ အနောက်တောင်ဖက် Zintan မြို့မှာ ဖမ်းထားတဲ့ ဆေ့ဖ်ဖယ် အစ္စလာမ် ရဲ့ အခြေအနေကို သွားရောက် ကြည့်ရှုခဲ့ပြီး သူ့ကျန်းမာရေး အခြေအနေ ကောင်းပုံ ရတယ်လို့ ကြက်ခြေနီ အဖွဲ့ ပြောခွင့်ရသူက ဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ပြောသွားခြင်း မရှိပါဘူး။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။