နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2011 - 00:46 GMT

ဝီလျံဟိဂ် ဒေါ်စုနဲ့ ဖုန်းဆက်သွယ်ခဲ့

william_hague

ဝီလျံ ဟိဂ်

ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံ ဟိတ်ဟာ မနေ့တုန်းက မြန်မာ့ ဒီမို ကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ် အောင်ဆန်း စုကြည် နဲ့ တယ်လီဖုန်း ပေါ်ကနေ စကား ပြောခဲ့ရတယ်လို့ သူ့ရဲ့အင်တာနက် တွစ်တာ စာမျက်နှာမှာ ဖော်ပြထား ပါတယ်။

သူတို့ ဘာတွေကို ဆွေးနွေး ခဲ့သလဲ ဆိုတာကို တော့ မပြောထား ပါဘူး။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လေးစား အားကျဖွယ် ဦးဆောင် မှုကြောင့် မြန်မာပြည်ဟာ စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံ တစ်ခုအဖြစ် ကမ္ဘာ့ အသိုင်းအဝိုင်း ကနေ ကြိုဆို နိုင်မယ့် နေ့တစ်နေ့ ရောက်လာဖို့ မျှော်လင့် ချက်တွေ ပေးနိုင်တယ်လို့ ဝန်ကြီး ကပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ် ကလည်း မြန်မာပြည်ကို ဗြိတိန်က နိုင်ငံ တကာ ဖွံ့ဖြိုးရေး ဆိုင်ရာ ဝန်ကြီးအင်ဒရူးမစ်ချဲလ် သွားရောက်ခဲ့ပြီး မြန်မာပြည်မှာ တကယ်ပြောင်းလဲမယ့် လက္ခဏာ တွေ မြင်ခဲ့ ရတယ်လို့ ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။