
ပြည်ထဲရေး ဝန်ကြီး Theresa May
ဗြိတိန်က လူဝင်မှု ကြီးကြပ်ရေး အေဂျင်စီရဲ့ အကြီးအကဲဟာ နိုင်ငံတွင်း ဝင်ရောက်လာသူ တွေရဲ့ မှတ်ပုံတင် အထောက်အထား တွေကို စစ်ဆေးဖို့ ပြင်းပြင်ထန်ထန် ဆောင်ရွက်ခဲ့ခြင်း မရှိဘူး ဆိုတဲ့ တိုင်တန်းချက် တွေကြောင့် ရာထူးက ရပ်ဆိုင်း ခံခဲ့ရပါတယ်။
လွှတ်တော်မှာ ပြည်ထဲရေး ဝန်ကြီး Theresa May က ပြောကြားရာမှာ လုံခြုံရေး အရ အကြီးအကျယ် အန္တရာယ် ရှိတဲ့ ခရီးသွားတွေကို ပစ်မှတ်ထား စစ်ဆေးရာမှာ သူမအနေနဲ့ အပြောင်းအလဲ တချို့ လုပ်ဆောင်ဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အဲဒီကတည်းက လူဝင်မှု ကြီးကြပ်ရေး အကြီးအကဲ Brodie Clark ဟာ အာဏာပိုင်တွေနဲ့ မတိုင်ပင်ဘဲ ပြည်တွင်းကို ဝင်လာတဲ့ တခြား ခရီးသွားတွေကိုပါ လျှော့လျှော့ ပေါ့ပေါ့ စစ်ဆေးခဲ့တာ တွေ့ရတယ်လို့ ပြောပါတယ်။

