နောက်ဆုံး ရေးသားချိန် 8 နိုဝင်ဘာလ 2011 - 00:49 GMT

ပြုပြင်ပြောင်းလဲရေး အမြန်လုပ်ဖို့ လိုနေပြီ စစ်တမ်းက ပြောပြီ

သာသနာပိုင် အကြီးအကဲ Christoph Schoenborn

သြစတြီးယား နိုင်ငံမှာ ရိုမန် ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး တွေကို စစ်တမ်း ကောက်ယူ ခဲ့ရာမှာ ပြုပြင် ပြောင်းလဲရေးတွေ အမြန် လုပ်ဆောင်ဖို့ လိုအပ် နေပြီလို့ အများစုက မှတ်ချက်ပေးခဲ့ ကြပါတယ်။

သြစတြီးယန်း ရုပ်မြင်သံကြား ကော်ပိုရေးရှင်းက ကြီးမှူးဆောင်ရွက်ပြီး ခရစ်ယာန် ဘုန်းကြီး ငါးရာကို စစ်တမ်း ကောက်ယူရာမှာ သုံးပုံ နှစ်ပုံကတော့ ဘာသာရေးနဲ့ ခေတ်ပေါ် ယဉ်ကျေးမှုကို သိသိသာသာ ခွဲခြား ထားသင့်တယ် လို့ ဆိုပါတယ်။

တဝက် ကျော်ကျော် ကတော့ အမျိုးသမီး ဘာသာရေး အကြီးအကဲ ထားဖို့ အကြံဉာဏ်ကို ထောက်ခံ ခဲ့ကြပါတယ်။

ခရစ်ယာန် ဘုန်းတော်ကြီးတွေရဲ့ စိုးရိမ် သောကကို နားလည်ပေမယ့် သူတို့ရဲ့ အဆိုပြုချက် တွေကိုတော့ လက်မခံနိုင်ဘူးလို့ သြစတြီးယန်း ကက်သလစ် ခရစ်ယာန် ဘာသာရေး အဖွဲ့ရဲ့ အကြီးအကဲ Christoph Schoenborn က ပြောပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။