နောက်ဆုံး ရေးသားချိန် 7 နိုဝင်ဘာလ 2011 - 16:46 GMT

Ai Wei Wei ကိုလူထုက ထောက်ခံကြောင်းပြသ

လူထုက ထောက်ခံအားပေးမှုရနေတဲ့တရုတ် အနုပညာရှင်

လူထုက ထောက်ခံ အားပေးမှု ရနေတဲ့တရုတ် အနုပညာရှင်

တရုတ်အစိုးရကို ဝေဖန်သူ အနုပညာရှင် Ai Wei Wei ကိုအမြတ်ခွန်ဒေါ်လာ နှစ်သန်းခွဲ ပေးဆောင်ဖို့ အစိုးရက ချမှတ် လိုက်တဲ့အပေါ် သူ့ကိုထောက်ခံ သူတွေက အလှူငွေပေးပို့ တုန့်ပြန် လျက်ရှိတယ်လို့ သူကပြောပါတယ်။

ဒေါ်လာ၅သိန်းလောက် အင်တာနက်နဲ့ ဘဏ်တွေကတဆင့် လွှဲပြောင်းပေးပြီး အချို့ ထောက်ခံသူတွေက နေအိမ်အတွင်းကို စက္ကူလေယဉ်လုပ်ပြီး ပစ်ပေးခဲ့ကြပါတယ်။ နိုင်ငံရေး ရည်ရွယ်ချက်နဲ့အစိုးရရဲ့ ဆောင်ရွက်ချက်ကို လူထုက စည်းလုံးစွာ ထောက်ခံတာ အံ့သြ လောက်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင်သူ့ကို လူသောင်းချီပြီး ငွေတွေပို့ပေးနေကြောင်၊သူ့ကို ထောက်ခံနေတယ်ဆိုတာ အားလုံးသိဖို့နဲ့ အစိုးရရဲ့ စွပ်စွဲချက်တွေဟာ မမှန်မကန်လုပ်ကြံမှုတွေ ဖြစ်တယ်ဆိုတာ သိအောင် လုပ်တာလို့ ထောက်ခံသူတွေက ပြောကြောင်း Ai Wei Wei ကဆိုပါတယ်။

bbc.co.uk navigation

BBC © 2012 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။